တောင်းဆိုထားသော ကား/ကားဆက်စပ်ပစ္စည်း

ဤထုတ်ကုန်ကိုရောင်းရန် သို့မဟုတ် ဝယ်ယူလိုသူတိုင်း ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

ဖောက်သည်

Toyota Avanza

Toyota Avanza ကိုဝယ်ချင်သူရှိသည်။

မှတ်ချက်

Toyota Avanza 2019
-1.3 Liter
- Aye license
-9Q/****
-color purple
- location:South Okkalapa, Yangon.
ပြန်ဝယ်မယ့်ကားပိုင်ရှင်က စောင့်နေပေးလို့စျေးလျှော့ပြီးပြန်တင်တာပါ ကားက no error ပါ အကုန်ကောင်းပါတယ် လူငယ်ဆန်ဆန် သွက်တာလေးနဲ့ လဲမလို့ပါ လူသိပ်မသိတဲ့ ဒီကားရဲ့အားသာချက်တစ်ခုက turning radius တော်တော်နည်းပါတယ် U turn လိုနေရာမှာ တခြားကားတွေ လွန်းထိုးကွေ့နေရချိန် ဒီကားက တခါထဲနဲ့ တန်းကွေ့နိုင်ပါတယ် နောက်ဆွဲမို့လို့ အရှေ့ဒူးဆစ်မပါတာကြောင့် ကွေ့တဲ့အချိန် စတီယာရင်ကို အားမနာတမ်း အဆုံးထိတောက်လျှောက်ဆွဲကွေ့လို့ရပါတယ် ဒူးဆစ်ပြဿနာတွေ ဒူးဆစ်အသံမြည်မှာတွေ ထည့်တွေးစရာမလိုပါ တခြားအားသာချက်တွေကတော့ အောက်ပိုင်းမြင့်လို့ လမ်းချောလမ်းကြမ်းမရွေးသွားနိုင်တယ် တောင်အတက်အဆင်းကို လူရောဝိတ်ရောတင် aircon မပိတ်ဘဲ manual ကားလို ဂီယာဒေါင်းပြီး အေးဆေးအတက်အဆင်းလုပ်နိုင်တယ် round aircon မို့လို့ ခဏနဲ့အေးပြီး နောက်ဆုံးတန်းအထိ aircon လေရောက်တယ် တော်ရုံကားမူးတဲ့လူတွေ စီးလို့အဆင်ပြေတယ် တခြားကားတွေ ဒူးလည်လောက်ရေကို မဖြတ်ရဲတဲ့အချိန် ဒီကားက ပေါင်လည်လောက်ကို အေးဆေးဖြတ်နိုင်ပါတယ် ကားရဲ့ sound system က music crazy သမားတွေအတွက် premiun ကြီးမဟုတ်ပေမယ့် သာမန်နားထောင်လေ့ရှိသူတွေအတွက်ကတော့ audio setting ကို သေချာချိန်ပေးထားရင် ကောင်းတဲ့အထဲပါပါတယ် fancy feature တွေမပါဘဲ reliable အပြည့်နဲ့ အလှကြည့်မဟုတ်ဘဲ လက်တွေ့ကျကျသုံးလို့ရပါတယ် အင်ဂျင်အောက်ပိုင်းအပိုပစ္စည်းပေါပြီး ဝပ်ရှော့မရွေး ကျွမ်းကျင်တဲ့ကားပါ အားနည်းချက်က အကြမ်းအချောသုံးဆိုတော့ ငြိမ့်တယ်လဲမဟုတ် အရမ်းခုန်တယ်လဲမဟုတ်ဘဲ နဲနဲမာဆတ်ဆတ်ဖြစ်ပါတယ် ဝိတ်ပါရင်တော့ ငြိမ်ပါတယ် eco mode ဖွင့်ထားရင် ဆီစားသက်သာမယ် ဒါပေမယ့် အထလေးတယ် eco mode ပိတ်ရင်တော့ သွက်ပါတယ် CVT လို မဟုတ်ဘဲ A/T ဂီယာဖြစ်လို့ ဂီယာချိန်းတာ သိသာတယ် ဒါပေမယ့် တောင်ပေါ်သုံးမယ် ဝိတ်သုံးမယ် အကြမ်းသုံးမယ်ဆိုရင် A/T က ပိုအကြမ်းခံပါတယ် daily use အပြင် ခရီးဝေးကိုပါ လမ်းမရွေး နေရာမရွေး ဆီစားသက်သာပြီး ထိန်းသိမ်းစရိတ် သက်သက်သာသာနဲ့ လူနည်းတာ များတာ ထည့်တွက်စရာမလိုဘဲ စီးချင်တဲ့လူတွေအတွက် ကွက်တိပါ အပြာရောင်ဆိုပေမယ့် ပြာတာတာမဟုတ်ပါဘူး နက်ပြာကို ပုလဲပေါက်နဲ့ အရောင်ကရွှဲပြီး အရောင်ပြေးလေးတွေနဲ့ 3D color ပါ ကျွန်တော့ကားကိုတော့ အပူသက်သာအောင် အပူကာ UV film ပတ်လည်အပြည့်ကပ်ထားတယ် ရုပ်ထွက်လှအောင်ရော high speed မောင်းတဲ့အချိန် stability ပိုကောင်းအောင်ရော spoiler တပ်ထားတယ် ဂျိုင့်ထဲဆောင့်ပြီးပြုတ်ကျရင် ကွိုင် ရှော့ဘားသက်သာအောင် coil buffer တပ်ထားတယ် ညဖက်လင်းအားပိုကောင်းအောင် fog light လည်းတပ်ထားတယ် ကားဘော်ဒီကနေ အပူဝင်တာသက်သာအောင်ရော အပြင်သံဝင်တာသက်သာအောင်ပါ insulation ကို တံခါးလေးဘက်အပြင် အနောက်ဘက်ဘော်ဒီထဲပါထည့်ထားတဲ့အတွက် အပူပိုသက်သာပြီး အပြင်သံ အထူးသဖြင့် တခြားကားတွေမှာကြားရတဲ့ နောက်ဘီးအသံ မကြားရတဲ့သလို သီချင်းသံလည်း original speaker နဲ့ကိုပဲ ပိုကောင်းပါတယ် aircon filter မပါပေမယ့် အမြဲတမ်း မှန်ပိတ် aircon ဖွင့်မောင်းတဲ့အပြင် ကီလို ၅ ထောင်မှာ အင်ဂျင်ဝိုင်လဲတိုင်း aircon cleaner ဆေးရည်နဲ့ ဆေးပေးတဲ့အတွက် အအေးကွိုင်ဂျီးကိစ္စစိတ်ပူစရာမလိုပါ သူများတွေပြောတဲ့ ကီလိုတစ်ရာမှာ အင်ဂျင်ငယ်သံပါအောင်အော်တယ်ဆိုတာ ထိန်းသိမ်းမှုတို့ ကားအခြေအနေတို့နဲ့ဆိုင်မှာပါ ဒီကားကတော့ ကီလိုတစ်ရာမှာ road noise ပဲကြားရပါတယ် တခြားအသေးအမွှားလေးတွေဖြစ်တဲ့ လက်တင်ပုံး door guard ခုံစွပ်တို့ကတော့ မပြောတော့ပါဘူး ဒီကားမှာတပ်ဖို့ဝယ်ထားတဲ့ ဆိုနာ ကိုလည်း ထည့်ပေးလိုက်ပါမယ် မတပ်ရသေးပါဘူး ရှိုးရွန်းကားဖြစ်ပြီး first owner တစ်လက်ကိုင် ပိုင်ရှင်ကိုယ်တိုင်ရောင်းတာပါ လိုင်စင်အသစ်တိုးထားပါတယ် ၂၀၂၄ နိုဝင်ဘာအကုန်ထိသက်တမ်းရမှာပါ စိတ်ဝင်စားတယ်ဆိုရင် ရန်ကုန် တောင်ဥက္ကလာမှာ ကားကြည့်လို့ရပါတယ် - Toyota Avanza 2019 ရုပ်ပြောင်း - 1.3 Auto နောက်ဆွဲ - 9Q/AYY လိုင်စင်သက်တမ်း 2024 Nov အထိ - အမည်ပေါက် ပိုင်ရှင်ကိုယ်တိုင် တစ်လက်ကိုင် - ခုံ ၃ တန်း ၇ ယောက်စီး - Round Aircon - Bluetooth music play/phone answer/CD/USB/AM/FM/rear camera - Dual camera car blackbox - 4 sonar (မတပ်ရသေး) - Fog light/Spoiler/Coil buffer/Back Cam - NanoMax UV စတစ်ကာ ပတ်လည်အပြည့်ကပ်ထားသည် - ၅၅၀ သိန်း ညှိနှိုင်း - ရန်ကုန်

08-Nov-2022 ( နောက်ဆုံးပြင်ဆင် ) 228 ကြည့်ရှုချိန်