Car Details

476
10-Apr-2019
Car Id: ca129

Toyota Belta , 2010 used car for sale in Myanmar.

current price: 217 MMK Lakhs

Petrol
45,000 kilometers
1.3 Liters Engine
Auto transmission (gear)
Front-Wheel Drive (FWD)
ရန်ကုန် License
Silver body color
Sedan
Used Car
ကိုယ်ပိုင်ရောင်းချသူ
  • စျေးနှုန်းညှိနှိုင်း
  • အရစ်ကျ - ဝယ်ယူမှု (မရရှိနိုင်ပါ )
  • အထူးကမ်းလှမ်းမှု(မရရှိနိုင်ပါ )
  • ဝယ်သူမည်ပေါက် ( မရရှိနိုင်ပါ )

Relevant Info


အပိုအချက်အလက် သို့မဟုတ် မှတ်ချက်

-Weight 1030 Kg + 4P
-License valid up to 31-May-2020
-Power Window
-License Plate Number:3D/1591
-Back Camera
- ရွဳ မႊဳင္း ဆို ဖာ ခံု
-Bluetooth
-TV
-Volume Control
-Surround Audio
-Brake Assist
ဒီကားကို (၅-၃-၂၀၁၂)မှာ ဂျပန်နိုင်ငံ၊ယိုကိုဟားမားမြို့ရှိ နှလုံးအထူးကုဆရာဝန်ကြီးရဲ့ အမျိုးသမီး က ဘယ်လ်တာကားအစား အခြားဒီဇိုင်းကို စီးခြင်လို့ ကားပြန်ရောင်းချင်ကြောင်း ဂျပန်ရောက် မြန်မာ မိတ်ဆွေတစ်ဦးနဲ့ ဆက်ပြီး၊ဝယ်ဖြစ်သွားတာပါ။ဝယ်စကကီလိုမီတာ(၃၂၀ဝ)ကျော်ပဲ၊စီးရပါသေးတယ်။ ကားရဲ့ ဂရိတ်က ၆-အေ/အေ ဖြစ်ပါတယ်။ ရန်ကုန်ဆိပ်ကမ်းကို (၅-၄-၂၀၁၂)ရက်ရောက်တာမို့၊ (၃-၄-၂၀၁၂)နေ့ နောက်ပိုင်းတင်သွင်းကားတွေကို အကောက်အခွန်ဌာနက စီအိုင်အက်ဖ် ၁၀ဝ% က နေ ၅၀%အထိလျော့ချကောက်ခံတာကြောင့် သိန်း(၂၀)ကျော် သက်သာသွားပါသေးတယ်။ ‘ဒါတောင် ရန်ကုန်တက္ကသိုလ်၊တက္ကသိုလ်ရိပ်သာလမ်းဆရာများဆောင်အရောက် ကျပ်သိန်း(၂၅၃)ကျော် ကျပါ တယ်။ ကားကို ထိခိုက်မိမှာ စိုးရိမ်လို့ ဒေါ်လာ(ယိုယိုဖီးစ် ၉၀ဝ)လောက်ကုန်ရမယ့်အစားဒေါ်လာ (ကွန်တိန်နာခ ၁၇၀ဝ+လက်ချင်ဖီးစ် ရ၀ဝ=၂၄၀ဝ)လောက်သုံးပြီး၊ကွန်တိန်နာ တစ်လုံးတည်း တစ်စီး သီးသန့် တင်သယ်လာတာဖြစ်ပါတယ်။ ကားကို ဟိုက်ဝေးမသွားသလို သုံးနာရီ၊လေးနာရီဆက်တိုက် သုံးစွဲတာမျိုးလည်းရှောင်ကျဉ်ပါတယ်။ ကုန်ဆိုလို(၂၄ပြည် ဆန်တအိတ်ထက်ပိုလေးတာမျိုးမတင်ပါ။ သီးခြား တက္ကစီနဲ့ပဲသယ်ပါတယ်။တယောက်ထဲ လူစီးသက်သက်မို့ ကားအင်ဂျင်ပိုင်းပြဿနာ မရှိပါ။ ဆီကိုလည်း အောက်တိန်း၉၅ကိုပဲ၊ အမြဲသုံးသလို ဆီဆိုင်ကိုလည်း မြမေတ္တာမွန်ဆီဆိုင်တစ်မျိုးထဲမှာပဲ အထည့်များပါတယ်။ မူလကားတွင်ပါဝင်သော ပစ္စည်းအားလုံးသိမ်းထားပါသည် အားလုံးပြန်ထည့် ပေးပါမယ်။ ဈေးများများလျော့ မရောင်းလိုပါ။ မရောင်းရသေးလည်း တစ်လက်ကိုင်မို့ ဆက်လက်သုံး ဖို့ ရည်ရွယ်သလို၊စီအာဗွီလို ဖရိန်အမြင့် ပြောင်းစီးလိုစိတ် ပေါ်လာလို့ရောင်းဖို့စိတ်ကူးတာပါ။ ကြိုက် ဈေးဖြစ်ယင်တော့ ရောင်းမယ်ပေါ့။ ကားတင်သွင်းသူအမည်က တူတော်မောင် သင်္ဘောအရာရှိမို့ သူအ ခွန်ဆောင်ထားတဲ့ ငွေနဲ့ ဦးလေးအတွက်ဆိုပြီ သူနာမည်နဲ့မှာပေးထားတာပါ။ အားလုံးအရှုပ်အရှင်း ကင်းပြီး စိတ်ချမ်းသာမှု ပေးမယ့် အရောင်းအဝယ်ဖြစ်ပါတယ်။ ဝယ်မည့်သူဟာ ငွေကြေးတတ်နိုင်လို့ ဈေးမစစ်ပဲ ဝယ်တိုင်း မရောင်းပါ။ ပေါက်တတ်ကယ လုပ်ငန်းလုပ်ကိုင်မည့်သူမျိုးရောင်းမည်မဟုတ် ပါ။ ကားကို သံယောဇဉ် ရှိနေပြီမို့၊ အိမ်စီးသက်သက်စီးမည့်သူများကိုသာ ဦးစားပေးရွေးချယ်ရောင်း ပါမယ်။

ကားထုတ်လုပ်သူ အကျဉ်းသမိုင်း နှင့် အချက်အလက်

တိုယိုတာ (Toyota) သည်ဂျပန်နိုင်ငံ Aichi တွင်ရုံးချုပ်ရှိသောနိုင်ငံစုံမော်တော်ယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သည်။ ၎င်းကို ၁၉၃၇ တွင် Kiichiro Toyoda တည်ထောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်၎င်းသည် volkswagaen နောက်ကွယ်မှဒုတိယအကြီးဆုံးကားရောင်းသူဖြစ်သည်။ ၂၀၁၉ ခုနှစ်ဒီဇင်ဘာလအထိ toyota သည် ၀ င်ငွေအရကမ္ဘာပေါ်တွင်အဆင့် ၁၀ အကြီးဆုံးကုမ္ပဏီဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင်တစ်နှစ်လျှင်ကားအစီးရေ ၁၀ သန်းထုတ်လုပ်နိုင်ခဲ့သည်။

Toyota Myanmar Co. , Ltd,တိုယိုတာ၏မော်တော်ယာဉ်ဌာနခွဲ၊ သည်သီလ ၀ ါအထူးစီးပွားရေးဇုန်တွင်အမေရိကန်ဒေါ်လာ ခန့်မှန်းခြေအားဖြင့် ၅၂.၆ သန်းတန်ဖိုးရှိထုတ်လုပ်မှုစက်ရုံသစ်ကိုတည်ဆောက်နေသည်။ ဖေဖော်ဝါရီ ၂၀၂၁ တွင်စတင်လည်ပတ်နိုင်မည်ဟုမျှော်လင့်ရသည်။ ၎င်းသည်နှစ်စဉ် Toyota Hilux ပစ်ကပ်ထရပ်ကား ၂၅၀၀ ထုတ်လုပ်နိုင်သည်။ Toyota သည်လက်ရှိတွင်မြန်မာနိုင်ငံတွင်ရောင်းရန်ရှိသော Hilux, Vios, Rush နှင့်အခြားမော်တော်ယာဉ်များကိုတင်သွင်းသည်။ တိုယိုတာသည်လက်ရှိတွင်မြန်မာနိုင်ငံသို့နှစ်စဉ်ခရီးသည်နှင့်စီးပွားဖြစ်ယာဉ် ၂၀၀၀ ခန့်တင်ပို့သည်

17 Jun 2020


ဆက်သွယ်ရန်

If you contact the seller, you can inform seller you know about this car from motorcarmyanmar


Top Viewed Cars