Sign Up Here
To Sell Or Rent Cars. It's free and simple.

Car New Details

All Myanmar Car News Here

View All Cars For Sales
  • Magazine: Car Journal
    , Published Date: 11-Jun-2018
    Credit: Car Journal

    Muse City Trade Border (105 mile) reopened import permits of cars.

    English Version Muse City Trade Border will permit imports of Chinese cars back again said the Commerce and Trade Ministry of Myanmar. Imports permits were blocked for a long time, now to increase the trade between China and Myanmar, permits are allowed to import cars again. Not only transportation or company cars, but also cars for people use. Brand new cars imported need country of original and China export permit certificate.



    Zawgyi Font



    Myanmar Unicode Font
    မူဆယ်(၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မော်တော်ယာဉ်များ ပြန်လည်တင်သွင်းခွင့်ပြု
    နယ်စပ်ကုန်သွယ်ရေး စခန်း တစ်ခုဖြစ်သည့် မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံ အတွင်းသို့ တရုတ်နိုင်ငံထုတ် မော် တော်ယာဉ်များ ပြန်လည်တင်သွင်း ခွင့်ပြုသွားမည် ဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပို့ကုန်သွင်းကုန်လုပ်ငန်း မှစုံစမ်းသိရှိရသည်။ နယ်စပ်ကုန် သွယ်ရေး စခန်းမှ မော်တော်ယာဉ် တင်သွင်းမှုများ ကန့်သတ်ထားသည်မှာ အချိန်ကြာ မြင့်ပြီ ဖြစ်ကာ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်သောအားဖြင့် တရုတ်နိုင်ငံ ထုတ် မော် တော်ယာဉ်များကို ပြန်လည်တင်သွင်းခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။ “လုပ်ငန်းသုံးယာဉ်တင်မကဘူး၊လူစီးယာဉ်ပါတင်သွင်းခွင့်ရမှာပါ။ဒါပေမယ့် တရုတ်နိုင်ငံထုတ်ကား ဖြစ်ကြောင်းအထောက်အထားရယ် ကုမ္ပဏီဘက်ကထောက်ခံစာရယ်လို ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှတာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မူဆယ်ကုန်သွယ်ရေးစခန်းမှာ တရုတ်နိုင်ငံထုတ် မော်တော်ယာဉ် များ တင်သွင်းလို ပါက (က) Brand New မော်တော်ယာဉ်များအတွက် Country of Original အထောက် ခွန်ဌာန၏ Export Certificate အထောက် အထားများ လိုအပ် ကြောင်းလည်း ထပ်မံသိရသည်။


    Author:
    Website: https://www.facebook.com/updatecarnews/
    Posted Date: 24-Jun-2018