Car Market Trend

Car Temperature

ကားစက်နှိုးပြီးနောက် သို့မဟုတ် ကားစက်သတ်လိုက်တဲ့အခါ ဒီအချက်ပြမီးအဆက်မပြတ်လင်းနေတာတွေ့မိရင် ကားအင်ဂျင် အပူချိန်အလွန်မြင့်တက်နေကြောင်း သိနိုင်ပါတယ်။ ဒါဟာ ကားကို Speed များများနဲ့ နာရီပေါင်းများစွာမောင်းနှင်နေခဲ့လို့ ဖြစ်နိုင်သလို coolant မလုံလောက်တာကြောင့်လဲဖြစ်နိုင်ပါတယ်။ အခြားဖြစ်နိုင်တဲ့ အကြောင်းအရာတွေကတော့ ကားရေတိုင်ကီ ယိုစိမ့်ခြင်း‌၊ ပိတ်ဆို့ခြင်း သို့မဟုတ် ကွဲအက်နေခြင်းတို့ကြောင့် ဖြစ်နိုင်သလို coolant အရည်များစိမ့်ထွက်နေတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ တချို့ကားတွေမှာဆိုရင် အချက်ပြမီးအပြာရောင် ပေါ်လာတတ်ပြီး ဒါဟာ ကားရဲ့ အင်ဂျင်အေးနေကြောင်းကိုဆိုလိုတာ ဖြစ်ပါတယ်။ စိတ်ပူပန်စရာမဟုတ်သော်ငြားလဲ မိမိကားအင်ဂျင်ကို ပြင်းပြင်းထန်ထန်ပူလာအောင် မလုပ်မိဖို့တော့ သတိပြုဖို့လိုပါတယ်။ အဓိကအားဖြင့်တော့ အချက်ပြမီးနီကိုဘဲ အထူးသတိပြုရန်လိုအပ်ပြီး အချက်ပြမီးလင်းနေပါက ကားမောင်းနှင်မှုကို ချက်ချင်းရပ်တန့်ပေးဖို့လိုပါတယ်။ အကယ်၍ အင်ဂျင်ကိုအနားမပေးဘဲ ဆက်လက်မောင်းနှင်နေမယ်ဆိုရင် အင်ဂျင်အပူလွန်ကဲပြီး ကားချို့ယွင်းသွားနိုင်တဲ့အထိဖြစ်နိုင်ပါတယ်။ ကားအင်ဂျင် အဆက်မပြတ် အပူလွန်ကဲနေမယ်ဆိုရင်‌တော့ နီးစပ်ရာ Car Service Center ကိုဆက်သွယ်ပြီး အမြန်စစ်ဆေးဖို့လိုအပ်ပါတယ်။

Source: Ford Myanmar Facebook

  • 3 year(s) ago
  • 1248 view(s)


processing