MOTORCARMYANMAR

Car And Car Accessory Sale Advertisings

MM EN
Sign In

Car Market Trend

About Electric Vehicles

Featured

About Electric Vehicles

EV လို့အတိုကောက်ခေါ်တဲ့ Electric Vehicle တွေ ပေါ်တာ နှစ်တော်တော်ကြာပြီဖြစ်ပေမယ့် ခုနောက်ပိုင်းမှ အဆင့်မြင့်လာတဲ့ ဘက်ထရီ နည်းပညာ နဲ့ အားသွင်းဖို့ အခြေခံအဆောက်အဦးတွေ ပိုမိုများပြားလာတာကြောင့် ကားပိုင်ရှင်တွေအကြားမှာ EV က လက်တွေ့ကျကျ ရွေးချယ်စရာ option တစ်ခုဖြစ်လာပါတယ်။ EV အမျိုးအစား (၃) မျိုးရှိပြီး

- ပထမအမျိုးအစားက BEVs လို့ခေါ်တဲ့ Battery Electric Vehicles တွေဖြစ်ပြီး Battery နဲ့မောင်းနှင်ရတဲ့ အမျိုးအစား

- ဒုတိယက Plug-in hybrids ဖြစ်ပြီး hybrids ဆိုတဲ့အတိုင်း ဓာတ်ဆီ or ဒီဇယ်အင်ဂျင် ကိုမှ လျှပ်စစ်မော်တာ နဲ့ အားပြန်သွင်းလို့ရတဲ့ Battery အကြီးစားတွေနဲ့ တွဲဖက်မောင်းနှင်ရတဲ့ အမျိုးအစားနဲ့

- တတိယက Fuel cell vehicles တွေဖြစ်ပြီး hydrogen molecules ကနေ electrons တွေကိုခွဲထုတ်ပြီးရတဲ့ လျှပ်စစ်နဲ့ မော်တာကို မောင်းနှင်စေတဲ့ အမျိုးအစားဖြစ်ပါတယ်။

EV တွေကို ကားရဲ့ ဘက်ထရီမှာ သိမ်းထားတဲ့ လျှပ်စစ်ဓာတ်အားနဲ့ မောင်းနှင်ပြီး ပုံမှန် လျှပ်စစ်ပလပ်ပေါက် ဒါမှမဟုတ် Charging Station တွေမှာ အားပြန်သွင်းနိုင်ပါတယ်။

EV နဲ့ ပုံမှန် သမာရိုးကျ ဓာတ်ဆီသုံးကားတွေနဲ့ မတူတဲ့အချက်က EV တွေဟာ မောင်းနှင်တဲ့အခါမှာ ဆူညံခြင်းမရှိဘဲ ပိုမိုတိတ်ဆိတ်ပြီး tailpipe pollution တွေကိုလည်း ထုတ်လွှတ်ခြင်းမရှိတာပါ။

သူတို့ရဲ့အကြီးမားဆုံး အားသာချက်တစ်ခုက ပတ်ဝန်းကျင် နဲ့ သဟဇာတဖြစ်ပြီး ပုံမှန်ဓာတ်ဆီကားတွေလို ဓာတ်ငွေ့ထုတ်လွှတ်မှု မရှိတာကြောင့် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေတဲ့ လေထုညစ်ညမ်းမှု နဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချဖို့ ကူညီပေးပါတယ်။

နောက်ပြီး EV တွေဟာ ပုံမှန်ဓာတ်ဆီကားတွေထက် ကားအစိတ်အပိုင်းပါဝင်မှုနည်းပါးတာကြောင့် ပြုပြင် ထိန်းသိမ်းဖို့ ကုန်ကျစရိတ်ပိုမိုနည်းပါးသလို ဆီမထည့်ရတာကြောင့် ဆီဖိုးလည်းတော်တော်လေး သက်သာမှာဖြစ်ပါတယ်။

ဒီလို အားသာချက်တွေရှိပေမယ့် EV တွေ နဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့အချက်တွေလည်းရှိပါတယ်။ ဒါတွေက range anxiety လို့ခေါ်တဲ့ မောင်းနှင်နိုင်မယ့် အကွာအဝေး ၊ လိုရာခရီးမရောက်ခင် ဘက်ထရီ ကုန်သွားတာမျိုးနဲ့ အားသွင်းဖို့ charging station မလုံလောက်မှာကိုပါ။

ဒါပေမယ့် အခုနောက်ပိုင်းမှာ တိုးတက်လာတဲ့ ဘက်ထရီ နည်းပညာတွေကြောင့် EV တွေရဲ့ သွားလာမောင်းနှင်နိုင်တဲ့ အကွာအဝေးတွေ ပိုမိုတိုးမြင့်လာခဲ့သလို အားသွင်းတဲ့အခါ ကြာတဲ့အချိန်ကိုလည်း လျှော့ချပေးလာနိုင်ပါတယ်။ နောက်ပြီး Public Charging Station တွေပိုမိုများပြားလာတဲ့အချက်ကလည်း EV ကိုရွေးချယ်မယ့်သူတွေအတွက် အဆင်ပြေစေမယ့်အချက်ပါပဲ။

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကားထုတ်တဲ့ ကုမ္ပဏီတွေကတော့ နောက်လာမယ့်နှစ်တွေမှာ EV အသုံးပြုမှု ပိုမိုများပြားလာဖို့ ခန့်မှန်းထားကြပြီး ပိုမိုကောင်းမွန်တဲ့ EV မော်ဒယ်အသစ်တွေ ထုတ်လုပ်လာကြသလို သက်ဆိုင်ရာနိုင်ငံတွေရဲ့ အစိုးရတွေအနေနဲ့လည်း EV အသုံးပြုမှုကို အားပေးရန် မူဝါဒများ ချမှတ်ပေးရန်မျှော်လင့်နေကြပါတယ်။

အချို့နိုင်ငံတွေက လာမည့်ဆယ်စုနှစ်အတွင်းမှာ ဓာတ်ဆီသုံးကားတွေ ရောင်းချမှုကို ရပ်တန့်ဖို့ ရည်မှန်းထားပြီး ကမ္ဘာကြီး ပိုမိုရေရှည်တည်တံ့ဖို့အတွက် ကာဗွန်နည်းတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ဆီ ကူးပြောင်းဖို့ လိုလားနေပါတယ်။

အနှစ်ချုပ်ရရင် EV တွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း ပတ်ဝန်းကျင်ရေရှည်တည်တံ့မှု၊ ကုန်ကျစရိတ်သက်သာမှုနဲ့ နည်းပညာဆန်းသစ်တီထွင်မှုဆိုင်ရာ အကျိုးကျေးဇူးတွေပေးစွမ်းနိုင်မယ့် EV တွေဟာ ကားဝယ်စီးမယ့်သူတွေကို အကောင်းဆုံး ဆွဲဆောင်လျက်ရှိပြီး အနာဂတ် ရဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေအဖြစ် လူကြိုက်များလာမှာ အသေအချာပါပဲ။

  • 20-Mar-2023
  • 229 view(s)